CLEAN AIR MYANMAR
  • HOME
  • Resources
  • About
  • Pledge
  • Contact

Current Yangon Air Quality Index:

ခဏလေး

Air Quality Index(AQI) ဆိုသည်မှာ သင် အနေဖြင့် ရှုရှိုက်နေရသည့် လေ ၏ အရည်အသွေး နှင့် ဆက်စပ်သည့် ကိန်းဂဏာန်းဖြစ်သည်။ ရိုးရှင်းစွာ ပြောရလျှင် AQI သည် သင် ရှုသွင်းနေသည့် လေ မည်မျှ ‘သန့်ရှင်း’သည် ဆိုသည်ကို တိုင်းတာချက် ဖြစ်သည်။ AQI သည် အဓိက ညစ်ညမ်းစေသည့် ဓါတ်ငွေ့ ၅ မျိုး ဖြစ်သည့် carbon monoxide, nitrogen dioxide, sulfur dioxide, ground-level ozone နှင့် (PM ဟု အတိုကောက် သုံးနှုန်းလေ့ရှိသည့်) particulate-matter ညစ်ညမ်းမှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် AQI Level များကို အောက်ဖော်ပြပါ Graph ပုံအတိုင်း ညွှန်းပြလေ့ ရှိသည်။ AQI ရှိ ဂဏာန်းသတ်မှတ်ချက်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန် နှင့် သင် ရှုသွင်းနေသည့် လေထု အရည်အသွေးကို အလွယ်တကူ ကောက်ချက်ချနိုင်ရန် သီးခြားအရောင်များ ဖြင့် ဖော်ပြကြသည်။ ​
The Air Quality Index (AQI) is a number related to the quality of the air you are breathing. In simpler terms, the AQI is a measure of how ‘clean’ the air you are breathing is. The AQI takes into consideration the concentration of five major pollutants including carbon monoxide, nitrogen dioxide, sulfur dioxide, ground-level ozone, and particulate-matter pollution. In general, the AQI levels are described in the graph below. Each number range in the AQI corresponds to a specific color to make it easy to read and identify the quality of the air you are breathing.
Picture
Picture
AQI နည်းခြင်း သည် လေထု သန့်ရှင်းသည် ဟု ဆိုနိုင်ပြီး သင် ၏ ကျန်းမာရေးအတွက် အန္တရာယ်နည်းပါးသည်ဟု ကောက်ချက်ချနိုင်သည်။ ညစ်ညမ်း ဓါတ်ငွေ့ ၅ မျိုးအတွက် တခုချင်းဆီ AQI သတ်မှတ်မှု ကို လေထုထဲတွင် ၎င်း ညစ်ညမ်းဓါတ်ငွေ့ သီးခြားပါဝင်မှု အပေါ် ဆုံးဖြတ်ခြင်းဖြစ်သည်။ အဆိုပါ ပါဝင်မှုနှုန်းသည် ဓါတ်ငွေ့အမျိုးအစားပေါ်မှုတည်၍ ကွဲပြားသည်။ ယခု ပရောဂျက်အတွက်မူ AQI ကို particulate-matter (PM) ဓါတ်ငွေ့ ပေါ်အခြေခံ၍ သတ်မှတ်ထားပါသည်။ အတိအကျ ဆိုရလျှင် ကျွန်တော်တို့ အနေဖြင့် 2.5 Micrometer (သို့) ပိုမိုသေးငယ်သော ပမာဏ ရှိသည့် အမှုန့်ငယ်များ၏ ပါဝင်မှု ကို တိုင်းတာခြင်း ဖြစ်သည်။ ၎င်းအမှုန့်ငယ်သေးများသည် မျက်စိ၊နှာခေါင်း နှင့် လည်ချောင်းမှ တဆင့် အန္တရာယ်ပေးနိုင်သည်။ ထို့အပြင် ၎င်းအမှုန့်ငယ်များ၏ အရွယ်အစားသည် နှလုံး ၊ အဆုတ်စသည်တို့နှင့် သက်ဆိုင်သည့် cardiovascular နှင့် respiratory ရောဂါများလဲ ဖြစ်နိုင်သည် ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အဆုတ် နှင့် နှလုံးသွေးကြော စနစ်အထဲထိ နက်ရှိုင်းစွာ ဝင်ရောက် ဒုက္ခပေးနိုင်သောကြောင့် ဖြစ်သည်။ ​
​A lower AQI means that the air is ‘cleaner’ and poses less of a risk to your health. The AQI for each of the five pollutants is determined by the concentration of that particular pollutant in the air. Those concentration ranges vary according to the pollutant in question. For this project, the AQI is based on the concentration of particulate-matter pollution. More specifically, we are reporting the AQI based on the concentration of very small particles with a size of 2.5 micrometers, or less. These particles are known to irritate the eyes, nose, and throat. In addition, particles of this size are linked to cardiovascular and respiratory diseases because they can get deep inside the lungs and cardiovascular system.

There are currently 9 monitoring devices around Yangon, each recording their own PM 2.5 values. From this data, we create our average value. Check the map to see the AQI nearest you. Currently this data is provided by Purple Air. 

Learn about the air we breathe.

Air quality affects all of us. To create a more livable world, we need to learn about the air we breathe.
Picture
Picture
Picture
Picture
  • HOME
  • Resources
  • About
  • Pledge
  • Contact